“အာဆီယံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အလားအလာနှင့် မျှော်မှန်းချက်” ဒုတိယအကြိမ် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် 2nd ASEAN SOCIO-CULTURAL COMMUNITY RESEARCH AND DEVELOPMENT FORUM “TRENDS AND FORESIGHT FOR ASEAN DISASTER MANAGEMENT”

၂၁..၂၀၂၂                                                                                       နေပြည်တော်

          ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ ဂျာကာတာ စံတော်ချိန် (၁၄:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော 2nd ASEAN SOCIO-CULTURAL COMMUNITY RESEARCH AND DEVELOPMENT FORUM “TRENDS AND FORESIGHT FOR ASEAN DISASTER MANAGEMENT” ဖိုရမ်သို့ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်မှ အဆင့်မြင့် အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ  (SOCA Leader) ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် နှင့် ASCC ရုံးလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

          အဆိုပါဖိုရမ်သည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် Research and Development Platforms Project ၏  အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍  သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များ၏ အစီရင်ခံစာများနှင့် မူဝါဒများအပေါ်  ပြည်စုံမှု ရှိစေရန် ဆွေးနွေးညှိနှိုင်းခြင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုများဆောင်ရွက်ရာ၌ ASEAN Vision 2025 နှင့်အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၌  အာဆီယံဘေးအန္တရာယ် စီမံခန့်ခွဲမှု များအတွက် အလားအလာရှိသော နည်းပညာအသစ်များကို ရှင်းလင်းတင်ပြခြင်း၊ အာဆီယံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများကို ဒေသအလိုက် ရှင်းလင်းတင်ပြခြင်း၊ အာဆီယံဒေသ အတွင်း ရာသီဥတုဖောက်ပြန်မှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို သဘောထားအမြင်များ ရှင်းလင်းတင်ပြခြင်း၊ အာဆီယံဒေသအတွင်း နေရာရွှေ့ပြောင်းမှု လမ်းကြောင်းများစွာ၏ တွန်းအားများကို ရှင်းလင်း တင်ပြခြင်းနှင့် Two-ways dialogue အနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုများကို ဆွေးနွေးခဲ့ရာတွင် လက်ရှိခေတ်ရေစီး ကြောင်းနှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သော အနေအထား ဖြစ်အောင် သက်ဆိုင်ရာနယ်ပယ်မှ stakeholders များ၏ အခန်းကဏ္ဍသည် အဓိကအရေးကြီးကြောင်းနှင့် အနာဂါတ်တွင် သုတေသနပြုလုပ်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။