“လှူဒါန်းပေစာများ လက်ခံခြင်းနှင့် ရှေးဟောင်းပေစာများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနည်းသင်တန်း”

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သည် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းလုပ်ငန်းများကို မူဝါဒချမှတ်၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စာကြည့်တိုက်မှူး ဒေါ်မျိုး ဦးဆောင်၍ အဖွဲ့ဝင်(၂)ဦးပါဝင်သောအဖွဲ့သည် ၂၉-၃-၂၀၂၂ ရက်နေ့မှ   ၂-၄-၂၀၂၂ ရက်နေ့ အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၉)တိုက်သို့ သွားရောက်၍ “လှူဒါန်းပေစာများ လက်ခံခြင်းနှင့် ရှေးဟောင်းပေစာများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနည်းသင်တန်း” လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။