အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့် “နံရံဆေးရေးမင်စာသင်တန်း”ဖွင့်ပွဲ အခမ်းအနားကို ၄-၄-၂၀၂၂ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ/ဌာနမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်းက သင်ခန်းစာများနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ “နံရံဆေးရေးမင်စာသင်တန်း”ကို သင်တန်းကို ၄-၄-၂၀၂၂ ရက်နေ့မှ ၆-၄-၂၀၂၂ ရက်နေ့၊ ၉:၃၀ နာရီမှ ၁၅:၀၀ နာရီအထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ခန်းမတွင် ဖွင့်လှစ်ပို့ချရာ တက္ကသိုလ်ရှိဌာနအသီးသီးမှ သင်တန်းသား၊သင်တန်းသူ (၂၁)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။