ရုံးလုပ်ငန်းဆိုင်ရာ ဌာနတွင်းသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊“ရုံးလုပ်ငန်းဆိုင်ရာဌာနတွင်းသင်တန်း”၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၂-၄-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး (သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူး (ဂီတ၊ သဘင်၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)၊ ခေတ္တဌာနမှူး (စာပေ၊ ပန်းချီ)နှင့် သင်တန်းသား၊ သင်တန်းသူ (၁၉) ဦးတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ စီမံရေးရာဌာနနှင့် သင်တန်းရေးရာဌာနများတွင် တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသစ်များအား ယနေ့သည် “ရုံးလုပ်ငန်းဆိုင်ရာ ဌာနတွင်းသင်တန်း”၏ (၅)ရက်တာသင်တန်းကာလ သင်ကြားပြီးဆုံးပြီဖြစ်ပါ ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကလည်း သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ရုံးလုပ်ငန်းလက်စွဲတို့ကို သိရှိနားလည်စေရန်လိုအပ်ပါ ကြောင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ ပေါင်းစပ်ကာ ထိုးထွင်းဉာဏ်လည်းရှိရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အတွင်း တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံမှု ရှိပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ ပြီးပြည့်စုံသော ရုံးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ထူးချွန်သည့် မျိုးဆက်သစ် ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ၎င်းအချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အခမ်းအနားကို နေ့လယ် ၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။