သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အဆောက်အဦဟောင်းနေရာတွင် မြန်မာသမိုင်းအဖွဲ့ ရုံးခန်းများနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အတွက် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)နှင့် တာဝန်ရှိသူများ တွေ့ဆုံသည့် အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မေလ (၂၀)ရက်၊ သောကြာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦဟောင်း၏ ပြင်ဆင်မွမ်းမံထိန်းသိမ်းမည့် အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ၎င်းနောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူ များက လုပ်ငန်းအလိုက် ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင် အဆောက်အဦ(၂)ခု၏ သမိုင်းကြောင်းကို ပြုလုပ်ထားရန် လိုအပ်ပါ ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုကို သေချာပြုလုပ်စေချင်ပါကြောင်း မှာကြားပြီး အထပ်လိုက် ခင်းကျင်းနေရာချထားမည့် အစီအစဉ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် အမှတ် (၆၀၄ / ၆၀၈)၊ (၃၁)လမ်းနှင့် (၃၂)လမ်းကြား ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး (၁၁)ဦးအပါအဝင် စုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဦးအောင်မြင့်က ဌာနနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များကို တင်ပြ ခဲ့ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ဆက်လက်ပြောကြားရာတွင် ကျောက်ခေတ်မှ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် သမိုင်းနှင့်ပတ်သက်သည့် Documentary တစ်ခုကို ရိုက်ကူးရန် စီစဉ်နေပါကြောင်း၊ ခေတ် အလိုက် သုတေသနရေးသားနေသော အဖွဲ့များအနေဖြင့် ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံကို ကွင်းဆင်းသုတေသနခရီးသွားရန် ဆောင်ရွက်နိုင်ရေး စီစဉ်ထားပါကြောင်း၊ သမိုင်းနှင့်ပတ်သက် ၍ တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းကို ပြည့်စုံမှန်ကန်စွာဖြင့် ရေးသားနိုင်ရေး ပြောကြား ပါသည်။ ထို့နောက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မြန်မာသမိုင်းအဖွဲ့၊ ပညာရှင် များနှင့် တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက် ပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် စာကြည့်တိုက် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။