ဘွဲ့ကြိုတန်း(ပထမနှစ်) ဝင်ခွင့်လူတွေ့စာမေးပွဲ စစ်ဆေးခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့ကြိုတန်း(ပထမနှစ်) ဝင်ခွင့်လူတွေ့စစ်ဆေးခြင်းကို ၉-၅-၂၀၂၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဂီတ (၁၃)ဦး၊ သဘင် (၂)ဦး၊ ပန်းချီ (၆)ဦးနှင့် ရုပ်ရှင်နှင့် ပြဇာတ် (၁၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၇)ဦးတို့သည် သက်ဆိုင်ရာ Survey Questions များကို ဖြေဆိုခဲ့ကြပြီး ၀၉:၃၀ နာရီမှစတင်၍ ဌာနမှူးများနှင့် တွဲဖက်ပါမောက္ခ၊ ကထိကများက ဘာသာရပ်အလိုက် အနုပညာဆိုင်ရာ လူတွေ့စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။