ကရင်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် ခိုင်မာသော သင်ရိုးညွှန်းတမ်းများ အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကပညာရပ်များ ဘာသာရပ်အလိုက်သင်ရိုးညွှန်းတမ်းပြုစုခြင်းအတွက် ကရင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ပဏာမတွေ့ဆုံဆွေးနွေးခြင်းကို ၆.၄.၂၀၂၂ ရက်နေ့၌လည်းကောင်း၊ သင်ရိုးညွှန်းတမ်းအတည်ပြုရေးဆွဲခြင်းကို ၁၃.၆.၂၀၂၂ ရက်နေ့၌ လည်းကောင်း ကရင်ပြည်နယ်၊ တိုင်းရေးသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ပြည်နယ်အသိအမှတ်ပြု ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသား စာပေ၊ ဂီတနှင့် အကပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။