မွန်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် ခိုင်မာသော သင်ရိုးညွှန်းတမ်းများ အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု

မွန်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကပညာရပ်များ ဘာသာရပ်အလိုက်သင်ရိုးညွှန်းတမ်း ပြုစုခြင်းအတွက် မွန်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ပဏာမတွေ့ဆုံဆွေးနွေး ခြင်းကို ၇.၄.၂၀၂၂ ရက်နေ့၌လည်းကောင်း၊  သင်ရိုးညွှန်းတမ်းအတည်ပြုရေးဆွဲခြင်းကို ၁၅.၆.၂၀၂၂ ရက်နေ့၌လည်းကောင်း မွန်ပြည်နယ်၊ တိုင်းရေးသားရေးရာဝန်ကြီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူး ရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊   အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ပြည်နယ်အသိအမှတ်ပြု မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား စာပေ၊ဂီတနှင့် အကပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။