ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် ခိုင်မာသော သင်ရိုးညွှန်းတမ်းများ အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု

ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကပညာရပ်များ ဘာသာရပ်အလိုက်သင်ရိုး ညွှန်းတမ်းပြုစုခြင်းအတွက် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် သင်ရိုးညွှန်းတမ်းအတည်ပြုရေးဆွဲခြင်းကို ၂၀.၆.၂၀၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တိုင်းရေးသား ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် အသိအမှတ်ပြု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသား စာပေ၊ ဂီတနှင့် အကပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။