ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများOnline မှ တစ်ဆင့် ကြိုတင် စာရင်းသွင်းနိုင်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများ အနေဖြင့် https://register.generalaungsanmuseum.com/ သို့ဝင်ရောက်၍ Online မှ တစ်ဆင့် ကြိုတင် စာရင်းသွင်းနိုင်ပြီဖြစ်ပြီး Online Registration မှ လျှောက်ထားလာသူများသည်  သီးခြားဝင်ပေါက်မှ တစ်ဆင့် အချိန်ကြန့်ကြာမှုမရှိဘဲ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။