သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော်များအား ဂုဏ်ပြုညစာ စားပွဲအခမ်းအနားတွင် အဆို အကများဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော ဧည့်သည်တော် များအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို  ၃.၇.၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက အဆို၊ အက များဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။