မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန လက်အောက်ရှိ အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ထုတ်လုပ်ဌာနစု(မန္တလေး)၊ အမျိုးသားဇာတ်ရုံ(မန္တလေး)တို့မှ အရာထမ်း၊ အမှုထမ်းများ နှင့် တွေ့ဆုံပွဲကို ၄.၇.၂၀၂၂ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ပန်တျာဌာနနှင့် ပန်းချီ၊ ပန်းပုဌာနတို့တွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ ကျပ်သိန်းသုံးဆယ်တိတိကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို က ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ မှ ညွှန်ကြား ရေးမှူး တို့ တက်ရောက်ခဲ့ပါသည်။