အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၂) ပညာရေးအဖွဲ့ အစည်းအဝေး

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၂) ပညာရေးအဖွဲ့ အစည်းအဝေးကို ၁၃-၇-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖိတ်ကြားထားသော  ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ဆိုင်ရာ ပြင်ပပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဌာနမှူးများ၊ ပါမောက္ခများ၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တွဲဖက်ပါမောက္ခများ၊ ဒီပလိုမာသင်တန်းဆိုင်ရာ သင်တန်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဌာနမှူး(သင်တန်းရေးရာ)က အမှာစာ(၁၄)စောင်အား တင်ပြခြင်း၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတက်ရောက်လာကြသော ပညာရှင်များက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါ သည်။           ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို    ညနေ  ၃:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။