သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ်၊ သတ္တရသမအကြိမ်၊ ၁၇ ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

မင်္ဂလာအခမ်းအနား ကျင်းပနေပြည်တော် ဇူလိုင် ၂၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ်၊ သတ္တရသမ အကြိမ်၊ ၁၇ ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၂.၇.၂၀၂၂ ရက်နေ့၊ နံနက် ၁၀: ၀၀ နာရီအချိန်တွင် ရုံးအမှတ် ၃၅ ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး  ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြု၍ ပင့်သင်္ဃာ ဆရာတော်ကြီး (၉)ပါး ကြွရောက်ချီးမြှင့်တော်မူသည်။

ဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး အနုပညာဦးစီးဌာနမှ ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ “ထူးမခြားနား” သီချင်းဖြင့် ပူဇော် ကန်တော့သည်။   

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော် များကို နာယူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီးတို့က အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း တို့အား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဇနီးက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလမုဒ္ဓိဆရာတော်ကြီးထံ  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းနှင့် ဇနီးက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ  ပဏ္ဍဝ ဆရာတော်ကြီးထံ  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း တို့အားလည်းကောင်း ဆက်ကပ်လှူဒါန်းကြ သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့ကို အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဓ္ဒိ မဟာထေရ်မြတ်က အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။