“ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” ခေါင်းစဉ်ဖြင့်သုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများဖိတ်ခေါ်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းဖြစ်ပေါ်လာရေးအတွက် “ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများနှင့် သမိုင်းတန်ဖိုး” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ အောက် ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-

 (က)   ဒေသသမိုင်း၊ မြန်မာရာဇဝင်ကျမ်းများကို လေ့လာခြင်းအားဖြင့် သမိုင်းအသိပညာ ရရှိပြီး ပစ္စုပ္ပန်တွင် အသုံးချသွားနိုင်ရန်၊

(ခ)     မြန်မာ့သမိုင်းကို အထောက်အကူပြုသော သမိုင်းစာပေ၊ သမိုင်းပညာရှင်များ ပေါ်ထွန်းလာစေရန်နှင့် အယူအဆသစ်များ၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာ ရေးအတွက် အထောက်အကူဖြစ်စေရန်၊

(ဂ)     မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် အစဉ်အလာကြီးမားလှသော မြတ်နိုးသည့် စိတ်ဓာတ် များ ပိုမိုဖြစ်ထွန်းလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ တက်ကြွနိုးကြားလာစေ ရန်။

          သို့ဖြစ်ပါ၍ အဆိုပါသုတေသနစာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားလိုသည့် စာတမ်းရှင်များ အနေဖြင့် စာတမ်းများ ပေးပို့နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ စာတမ်းဖတ်ကြားလိုသူ သုတေသီများ သည် စာတမ်းအကျဉ်း (Abstract) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့ နောက်ဆုံးထား၍ လည်းကောင်း၊ ရွေးချယ်ခံရသော စာတမ်းအပြည့်အစုံကို Hard Copy/ Soft Copy ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နောက်ဆုံးထား၍ လည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၅) ၊ နေပြည်တော် ၊ ဖုန်း ၀၆၇- ၃၄၀၈၃၈၄ (သို့မဟုတ်) အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင် ( C ) ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၈၄၂၃(သို့မဟုတ်) မြန်မာသမိုင်းအဖွဲ့၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၆၅၈၁၅၂နှင့် Email- khinthida6911@gmail.com ၊  khinekhinelay87@gmail.comdhrnlm17@gmail.com တို့သို့ ပေးပို့နိုင်ပါကြောင်း ဖိတ်ကြား အပ်ပါသည်။