ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ
ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ
ဧည့်ခံကျွေးမွေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ (၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော် တွင် ကျင်းပရန်ရှိရာ ပြိုင်ပွဲကာလအတွင်း (၈-၁၀-၂၀၂၂)ရက်နေ့မှ (၁၈-၁၀-၂၀၂၂) ရက်နေ့အထိ (၁၁)ရက်ကြာ ပြိုင်ပွဲဝင်များကို ကျွေးမွေးခြင်းနှင့် အကဲဖြတ်ဒိုင်များကို ကျွေးမွေးခြင်း လုပ်ငန်း (၂)ရပ်အတွက် လုပ်ငန်းအပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းရှင် များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) တင်ဒါပုံစံ စတင်ရယူနိုင်သည့်ရက် – ၈-၈-၂၀၂၂ ရက် (တနင်္လာနေ့)။
(ခ ) တင်ဒါပုံစံ ရယူရန်နှင့် တင်သွင်းရမည့် – အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဌာနခွဲ၊ ရုံးအမှတ်(၃၃)၊
နေရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်။
(ဂ) တင်ဒါပုံစံကြေး – ၁၀,၀၀၀/-ကျပ်။
(ဃ) တင်ဒါဆိုင်ရာလုပ်ငန်းစဉ်များကို – ၁၂-၈-၂၀၂၂ ရက်နေ့ (သောကြာနေ့)၊
Online / In person ဖြင့် ရှင်းလင်း နေ့လယ် (၂:၀၀) နာရီ။
ပြောကြားမည့် နေ့ရက်နှင့်အချိန်
(င) တင်ဒါလျှောက်လွှာပိတ်မည့်ရက် – ၁၆-၈-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့)၊ နှင့်အချိန် နေ့လယ် (၁၂:၀၀)နာရီ။
(စ) တင်ဒါဖွင့်ဖောက်စိစစ်မည့်နေ့ရက် – ၁၆-၈-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) ၊
အချိန်နှင့်နေရာ နေ့လယ် (၁:ဝဝ)နာရီ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
ရုံးအမှတ်(၃၃)၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၃၄၀၆၄၅၂ ၊ ၃၄၀၆၄၉၁ နှင့် ၀၉-၄၄၈၅၄၁၅၀၇ တို့သို့ ရုံးချိန် အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်
ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်မကော်မတီ