(၂၃) ကြိမ်မြောက်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဘာသာရပ်အလိုက် အကဲဖြတ်ဒိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂၃) ကြိမ်မြောက်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဘာသာရပ်အလိုက် အကဲဖြတ်ဒိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

         

ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် ခရိုင်များမှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရပ်အလိုက်အကဲဖြတ်ဒိုင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးကို ၃-၈-၂၀၂၂ ရက်နေ့၊ ၉:၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ခရိုင်(၄)ခရိုင်မှ အုပ်ချုပ်ရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ အကဲဖြတ်ဒိုင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်က အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အရှေိ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ တောင်းပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့မှ အုပ်ချုပ်ရေးမှူးများက တင်ပြဆွေးနွေးခြင်း၊ ဘာသာရပ်ဆိုင်ရာအကဲဖြတ်ဒိုင်များက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ်က နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.