ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ (၂/၂၀၂၂) အစည်းအဝေး

        

            ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ(၂/၂၀၂၂)အစည်းအဝေးကို ၁၀-၈-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမူအဆို၊ အက၊ အရေး၊အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲဝင်မည့် တက္ကသိုလ်(၇)ခုနှင့် ဒီဂရီကောလိပ် (၁)ခုတို့မှ ပါမောက္ခ/ဌာနမှူးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

            အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခြင်း၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပမည့်နေရာများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးက တင်ပြ ဆွေးနွေးခြင်း၊ ပါမောက္ခ/ဌာနမှူး (သဘင်)က အကဘာသာရပ်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊  တက်ရောက်လာကြသော တက္ကသိုလ်များမှ ဌာနမှူးများက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

            ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက နိဂုံးချုပ်စကားပြောကြားပြီး  အစည်းအဝေးကို ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.