ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီးများ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်မှုကြည့်ရှုစစ်ဆေးနေပြည်တော် ဩဂုတ်လ ၂၉ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ(ပထမတန်း) (ပြည်သူ့ ဆက်ဆံရေး) ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထိုက်၊ အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်(မြဝတီ) တပ်မှူး၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဇာတ်တိုက်လေ့ကျင့်မှု များကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများ ကို အခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ် သို့ တက်ရောက်လာသူများအား “အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီးတင်ဆက် ကပြရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် သမိုင်းတွင်ရှိပြီးဖြစ်သော ဖြစ်ရပ်မှန် အကြောင်းအရာကို မြန်မာ့ဇာတ်သဘင်၏ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးပုံစံအဖြစ် တင်ဆက်ကပြရ ခြင်းဖြစ်သည့်အတွက် သမိုင်းအချက်အလက် အထောက်အထား မှန်ကန်မှုရှိစေရန်နှင့် ဇာတ်တော် ကြီး၏ သမားစဉ်များနှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်းတင်ဆက်ထားခြင်းဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရိုးရာသဘင်မှု၏ အစဉ်အလာ သမားစဉ်များကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးယခင်ကပင် ရှိခဲ့ပြီးဖြစ်သော မြန်မာ့ဇာတ်သဘင် တင်ဆက်မှု၏ အစဉ်အလာအတိုင်း ဘုရားကန်တော့ခန်း၊ နတ်ကတော်ခန်း၊ ဇာတ်ကြောရိုးကို အခြေ ပြုသည့် အထုပ်အကွက်ဝင် သစ္စာထား နှစ်ပါးသွားခန်း၊ ဝန်နှစ်ပါး ဇာတ်ပန္နက်ရိုက်ခန်း၊ နန်းစီး ပြည်တည်ခန်း၊ ဇာတ်တော်ကြီးတင်ဆက်ကပြခန်းများကို ပြည့်စုံစွာ စီစဉ်တင်ဆက်ထားပါကြောင်း ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဇာတ်တော်ကြီးတင်ဆက်ကပြအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်သင့်သည့် ဇာတ်ဝင် ခန်းများ၊ ဇာတ်ဝင် ဇာတ်စာ ဇာတ်စကားများကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဇာတ်တော်ကြီး တင်ဆက်ကပြသော အနုပညာရှင်ဝန်ထမ်းများအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ဂုဏ်ပြုငွေ များ ပေးအပ်ခဲ့ကြပါသည်။

သက္ကရာဇ်(၉၄၀-၉၇၀)ဝန်းကျင်ကတည်ရှိခဲ့သော ရတုဘုရင် စာဆိုရှင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ တို့၏ ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ မေတ္တာဘွဲ့ဇာတ်လမ်း၊ ဟံသာ၀တီနှင့် တောင်ငူ၊ အင်းဝ အစရှိသည့် ပဒေသရာဇ် စနစ်များ၏ အားပြိုင်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကို နောက်ခံပြု၍ စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမ အရာတွင်လည်း ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံတွင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစားကာ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာတစ်ရပ်အဖြစ် တင်ဆက် နိုင်ရန် သမိုင်းဆိုင်ရာအချက်အလက် အထောက်အထားများနှင့် ဇာတ်အိမ်ဇာတ်ညွှန်းကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနကစီစဉ်ပြုစု၍ ဇာတ်စာရေးဆရာကြီး ဦးနန်းမြင့်ဆွေ (မန္တလေး)က ဇာတ်စာ၊ ဇာတ်စကားများ ထည့်သွင်းရေးသား စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝ ဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစားနိုင်လင်းဗိုလ်နှင့်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။