ဘောလုံးအဖွဲ့ဝင်လူငယ်များနှင့်တွေ့ဆုံပွဲ

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားနည်းစနစ်များကို စနစ်တကျ လေ့ကျင့်နိုင်ရေးအတွက် တက္ကသိုလ် ဘောလုံးအသင်းဖွဲ့စည်းနိုင်ရန် တက္ကသိုလ် တွင် ပညာသင်ကြားနေသော ဘောလုံးဝါသနာရှင် လူငယ်များကိုစုစည်း၍ ဘောလုံးအဖွဲ့ဝင် လူငယ်များ နှင့် တွေ့ဆုံပွဲကို ၂၄-၈-၂၀၂၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)နှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင် လူငယ် ကျောင်သား၊ ကျောင်းသူ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြပါသည်။           အစီအစဉ်အရ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က အမှာစကားပြောကြားခြင်း၊ ဘောလုံးနည်းပြက မိတ်ဆက်စကားပြောကြားခြင်း၊ ဘောလုံးဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.