နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

၁-၂-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၂ ရက်နေ့အထိ ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ (၆)လပတ်အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ  ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအနက် မိမိတို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် တိုက်ရိုက်ဆက်နွယ် ပတ်သက်သည့် အချက်အလက်များပါရှိသကဲ့သို့ ဆက်စပ်ဌာန များဖြင့် ပူးပေါင်းဆက်စပ်ဆောင်ရွက်ရမည့် အချက်များလည်းပါရှိပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်လာစေရန် လိုအပ်ပါကြောင်း၊ ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအဖြစ် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များကို အကြိမ်ပြည့် ကာကွယ်ဆေးထိုးရာတွင် ကျန်ရှိမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဝန်ထမ်းများ သိရှိလိုက်နာဆောင်ရွက်စေရေး ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဝန်ထမ်းများ အသိ၊ သတိနှင့်ယှဉ်ကာ စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်စေရေး ကြပ်မတ်ဆောင်ရွက်စေလို ကြောင်း၊ ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တင်ဒါ စည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ်များနှင့် ကျောင်းများ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အမြင်တင့် တယ်မှုရှိစေရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေလိုပါကြောင်း၊ ဝါတွင်းကာလ ရဟန်း/သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့် သီတင်းသုံးနေထိုင်နိုင်စေရေး ဆောင်ရွက်ပေးရန်လို ပါကြောင်း၊ ဌာနအလိုက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ပါက ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ကော်မတီအသီးသီးသို့ တင်ပြသည့် အမှာစာများတွင် ပါရှိသည့် ဓာတ်ပုံများသည် ကြည်လင် ပြတ်သားမှုရှိစေရန် လိုအပ်ကြောင်း၊ ဌာနတွင်းရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဝန်ထမ်းများ ကို ရာထူးအဆင့် တိုးမြှင့်ပေးခဲ့သည်များရှိသကဲ့သို့ ဌာနတွင်း မွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်ရန်လိုအပ်ပါ ကြောင်း ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ဦးစီးဌာနများနှင့် တက္ကသိုလ်များက (၆)လပတ်ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများနှင့် လာမည့်(၆)လပတ်ကာလအတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.