“အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်ကြီး ဖျော်ဖြေတင်ဆက်ခဲ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန မှ အနုပညာရှင်ဝန်ထမ်းများ သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ “အသက်ထက်မြတ်သောဂုဏ်သိက္ခာ”ဇာတ်ကြီးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါ သည်။ သက္ကရာဇ်(၉၄၀-၉၇၀)ဝန်းကျင်ကတည်ရှိခဲ့သော ရတုဘုရင် စာဆိုရှင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ တို့၏ ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ မေတ္တာဘွဲ့ဇာတ်လမ်း၊ ဟံသာ၀တီနှင့် တောင်ငူ၊ အင်းဝ အစရှိသည့် ပဒေသရာဇ် စနစ်များ၏ အားပြိုင်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်း များကို နောက်ခံပြု၍ စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမအရာတွင်လည်း ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံတွင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစားကာ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာတစ်ရပ်အဖြစ် တင်ဆက်နိုင်ရန် သမိုင်းဆိုင်ရာအချက်အလက် အထောက်အထားများနှင့် ဇာတ်အိမ်ဇာတ်ညွှန်းကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  အနုပညာဦးစီးဌာနက စီစဉ်ပြုစု၍ ဇာတ်စာရေးဆရာကြီး ဦးနန်းမြင့် ဆွေ(မန္တလေး)က ဇာတ်စာ၊ ဇာတ်စကားများ ထည့်သွင်းရေးသား စီစဉ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ်အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစားနိုင်လင်းဗိုလ်နှင့်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.