ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဓာတုဗေဒနည်းဖြင့် လက်တွေ့ထိန်းသိမ်းခြင်း ဌာနတွင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ရေရှည်တည်တံ့စေရေးအတွက်ထိန်းသိမ်း ဆောင်ရွက်ရာတွင် ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်းသည်အရးကြီးသည့် အခန်းကဏ္ဍမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခြဲ အနေဖြင့်  ဓာတုဗေဒနည်းဖြင့် လက်တွေ့ ထိန်းသိမ်းခြင်း ဌာနတွင်း သင်တန်းကို   ပုဂံဌာနခွဲတွင် (၁၁.၁၀.၂၀၂၂) ရက်နေ့မှ (၂၅.၁၀.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်၍ ဌာနခြဲအသီးသီးမွ သင်တန်းသား (၈) ဦး နှင့် ပုဂံဌာနခြဲမွ သင်တန်းသား (၁၁) ဦး စုစုပေါင်း (၁၉)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲကို  ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ယနေ့နံနက် (၉:၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ ပုဂံဌာနခြဲ တာဝန္ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ နည်းပြများနှင့် သင်တန်းသားများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲကို (၁၀:၄၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ 

ရှေးဟောင်းဝတၳုပစ္စည်းများအား ဓာတုဗေဒနည်းဖြင့် လက်တွေ့ထိန်းသိမ်းခြင်း ဌာနတွင်း သင်တန်းဖွင့်ပွဲသည်  ပြည်ပနိုင်ငံများသို့ သွားရောက်ပညာသင်ယူခဲ့ပြီး မိမိဌာနခွဲမှဝန်ထမ်းများကို လက်ဆင့်ကမ်းနိုင်ရန် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။ သင်တန်းတွင် ပို့ချမည့်နည်းပြများသည် ကိုရီးယားနိုင်ငံတွင် ကြေးထည်၊ကျောက်ထည်ပစ္စည်းများနှင့် ရှေးဟောင်းဝတၳုပစ္စည်းများ ထိန်းသိမ်းနည်း သင်တန်းတက်ရောက်ခဲ့ပြီး သူများဖြစ်ပါသည်။ ကိုရီးယားနိုင်ငံမှ ပညာင်သင်ယူခဲ့သူများကို စုစည်း၍ ဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချနိုင်ရေး ဦးစီးဌာနသို့ တင်ပြ၍ စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းကာလမှာရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.