ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၉)ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို သရဖီဆောင်၊အနုပညာခန်းမ၌ ၁၆-၁-၂၀၂၃ ရက်နေ့ ၁၀:၀၀ နာရီ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် ဒုတိယပါမောက္ခချုပ်များ၊ စာပေပညာဌာန၊ အနုပညာဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မောင်မယ်သစ်လွင်များ တက်ရောက်ကြသည်။
အခမ်းအနား ပထမပိုင်းအစီအစဉ်အရ ပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဌာနမှူး(စီမံ/ဘဏ္ဍာ) တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဌာနမှ ဌာနမှူးများနှင့် စာကြည့်တိုက်မှူးတို့က ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားကြ သည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ တက္ကသိုလ်မောင်နှင့် တက္ကသိုလ်မယ် ရွေးချယ်ခြင်း အခမ်းအနားကိုကျင်းပရာ တက္ကသိုလ်မောင်နှင့်တက္ကသိုလ်မယ် ရွေးချယ်ခံရသူများကို ပါမောက္ခချုပ်က လည်းကောင်း၊ Mr. Smart နှင့် Ms. Smile ရွေးချယ်ခံရသူများကို ဒုတိယပါမောက္ခချုပ်(သင်ကြား) ကလည်းကောင်း၊ Popular Choice ရွေးချယ်ခံရသူများကို ဒုတိယပါမောက္ခချုပ်(စီမံ)က လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ ကျောင်းသား၊ ကျောင်းသူများက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။