(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာအုပ်ပြပွဲနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဉာဏ်စမ်းပြိုင်ပွဲကျင်းပခြင်း

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၂-၂၀၂၃ပညာသင်နှစ်၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသောစာစုများကို ဖတ်ရှုခြင်း ဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဗဟုသုတများရရှိစေရန်နှင့် အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်း ပြုစုပျိုးထောင်နိုင်ရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ၁၆.၁.၂၀၂၃ ရက်နေ့မှ ၂၀.၁.၂၀၂၃ ရက်နေ့အထိ နံနက်(၀၉:၃၀)နာရီမှ မွန်းလွဲ(၁၆:၀၀)နာရီအထိ လည်းကောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲကို ၂၀.၁.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ မွန်းလွဲ(၁၄:၀၀)နာရီအထိလည်းကောင်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါစာအုပ်ပြပွဲသို့ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန တို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် စိတ်ဝင်စားသူများ(၂၀၀)ဦးခန့် လာရောက်လေ့လာဖတ်ရှုခဲ့ကြပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဉာဏ်စမ်းပြိုင်ပွဲသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပထမနှစ်မှ  စတုတ္ထနှစ်ထိ စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ပါသည်။ ယင်းတို့အနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုတို့ကိုရွေးချယ်၍ ပြည်ထောင်စုနေ့တွင် ဆုပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.