နှစ် (၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင်  ကျရောက်မည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ နှစ် ၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် အခမ်းအနားကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၇-၄-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ အငြိမ်းစားပညာရှင်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဒုတိယဌာနမှူး (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)၊ မော်ကွန်းထိန်းနှင့် ဌာနခွဲမှူး(ဘဏ္ဍာ)တို့ တက်ရောက်ခဲ့ကြပြီး ပုလဲရတုအထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ တက္ကသိုလ်မော်ကွန်းတိုက်ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊ ပန်းချီ ပန်းပု Gallery ပြပွဲ၊ ပုလဲရတုစကားဝိုင်း၊ တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲနှင့် ဆရာကန်တော့ပွဲ စသည်များ ကျင်းပပြုလုပ်ရန် ဆွေးနွေးခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.