အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အင်္ဂလိပ် စကားပြောစွမ်းရည်ပြိုင်ပွဲ “Theme : Youth and Culture Development ကို သရဖီဆောင်၊ အနုပညာခန်းမ၌ ၃၁-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနတို့မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍   အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး တို့က အဖွဲ့(၅)ဖွဲ့ဖြင့် Group(A)က “The Great Value of Myanmar Games”၊ Group(B)က “Myanmar National Clothing”၊ Group(C)က “Myanmar Traditional Musical Instruments” ၊ Group (D)က “How to Preserve and Develop Our Traditional Festival” ၊  Group (E) က “Myanmar’s  Ancient Beauty Secret” စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။           ထို့နောက် ပထမဆုရ Group(A)အဖွဲ့ကို ပါမောက္ခချုပ်ကလည်းကောင်း၊ ဒုတိယဆုရ  Group(B) အဖွဲ့ကို ဒုတိယပါမောက္ခချုပ်(သင်ကြား)ကလည်းကောင်း၊ ပူးတွဲ ဒုတိယဆုရ Group(E)အဖွဲ့ကို ဒုတိယပါမောက္ခချုပ်(စီမံ)ကလည်းကောင်း၊ တတိယဆုရ Group(C)အဖွဲ့ကို ဌာနမှူး(စီမံ/ဘဏ္ဍာ)က လည်းကောင်း၊ ပူးတွဲတတိယဆုရ Group(D)အဖွဲ့ကို ပါမောက္ခ/ဌာနမှူး(စာပေ)ကလည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.