မိုခါမုန်တိုင်းဒဏ်သင့် ဦးရာဇ်တော်ဓါတ်စေတီ ဓါတ်လှေကားပြန်လည်ပြုပြင်ရေး အလှူငွေ ပါဝင် လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ မြတ်စွာဘုရား၏ ဦးရာဇ်တော်ဓါတ် ဌာပနာတည်ထား ကိုးကွယ်ရာ ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်ဓါတ်စေတီ တော်မြတ်ကြီး၏ ဓါတ်လှေကားကို ၂၀၁၉- ခုနှစ်တွင် ကုန်ကျငွေကျပ် ( ၆၄၃.၉ ) သန်းဖြင့် တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ပါသည်။ ဓါတ်လှေကား၏ အမြင့်မှာ ၁၃၈ ပေ  ၆ လက်မဖြစ်ပြီး လျှောက်လမ်းအရှည် ၁၉၉ ပေ ၆ လက်မ၊ လျှောက်လမ်းအကျယ် ၁၂ ပေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဓါတ်လှေကားအိမ်အကာတပ်ဆင်ခြင်းလုပ်ငန်း တန်ဖိုးမှာငွေကျပ်( ၄၆.၁၁ )သန်းဖြစ်ပါသည်။ ၁၄-၅-၂၀၂၃ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုခါမုန်တိုင်း ဒဏ်ကြောင့် ဓါတ်လှေကားစက် မပျက်စီးသော်လည်း ဓါတ်လှေကားအိမ်အကာ ပျက်စီးသွားခဲ့ပါသည်။ အဆိုပါ ဓါတ်လှေကားအိမ်အကာ အမြန်ပြန်လည်တပ်ဆင်ခြင်းမပြုပါက မိုးရာသီအတွင်း ဓါတ်လှေကား စက်ပါထိခိုက်လာနိုင်ကြောင်းသိရှိရပါသည်။ သို့ပါ၍ ဘုရားဖူးပြည်သူများ အခက်အခဲမရှိ လွယ်လင့်တကူ ဖူးမြော်နိုင်ရန် ဓါတ်လှေကားပြန်လည်အသုံးပြုနိုင်ရေးအတွက် အကာနှင့်ဖရိန်ဖိုးအပါအဝင် ဓါတ်လှေကား အိမ်အကာပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းခန့်မှန်းကုန်ကျငွေကျပ်-၇၀၀၀၀၀၀ဝိ/-(ငွေကျပ်သိန်းခုနစ်ရာ တိတိ)အတွက် စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းငွေများ ပါဝင်ကုသိုလ်ပြုနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။ အလှူငွေများကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၁။     ဦးသိန်းဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်(သာသနာရေး)                ၀၆၇-၃၄၀၃၄၅၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်

          ၂။      ဦးမျိုးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ်                                     ၀၆၇-၃၄၀၆၀၀၄

                   သာသနာရေးဦးစီးဌာန၊ နေပြည်တော်

          ၃။      ဦးစိန်မြင့်၊ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်တွေမြို့                  ၀၉၄၀၀၆၈၅၃၅၀

          ၄။      ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူး၊                                              ၀၉၂၀၄၂၀၈၅

ပြည်နယ်သာသနာရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

          ၅။      ဦးမောင်စံဝင်း၊ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊                       ၀၉၄၂၁၇၂၁၅၀၇

ပုဏ္ဏားကျွန်းမြို့နယ်

          ၆။      ဦးမောင်ကျော်အေး၊ ဥက္ကဌ၊ ဦးရာဇ်တော်ဓါတ်စေတီတော်              ၀၉၂၅၈၅၃၄၂၀၂                   

ဂေါပကအဖွဲ့၊ ပုဏ္ဏားကျွန်းမြို့နယ်