သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင် (၂)ဦး တို့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈  ရက်နေ့မှ  ၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China- ASEAN Culture Forum)သို့ တက်ရောက်ရန် ၁၇-၆-၂၀၂၃ ရက်၊ ယနေ့ နံနက် (၁၁:၂၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နန်နင်းမြို့သို့ ထွက်ခွာခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက လိုက်ပါ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.