သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ၂၂-၆-၂၀၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပ သည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်(18th China-ASEAN Culture Forum) သို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် ကိုယ်စားလှယ် (၂)ဦးတို့သည် ယနေ့ ၂၂-၆-၂၀၂၃ ရက်နေ့ (၁၅:၁၀)နာရီတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

            ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ၁၈-၆-၂၀၂၃ ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီတွင် နန်နင်းမြို့၊ ချင်ရှုတောင်၊ ကွမ်ရင်မယ်တော် ကျောင်းတိုက်သို့ သွားရောက်၍ လက်ထောက် ကျောင်းတိုက်ဆရာတော်အား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ညနေပိုင်းတွင် နန်နင်းမြို့ရှိ မြန်မာ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်ပြီး ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံ ခဲ့သည်။ ထို့နောက် ညနေ (၆:၀၀)နာရီတွင် 18th China-ASEAN Culture Forum ၏ အကြို ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

            ပြည်ထောင်စုဝန်ကြီးသည် ၁၉-၆-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် 18th China-ASEAN Culture Forum ၌ “Building Smart Libraries and Promotion on Reading” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အစီအစဉ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက လည်း Special Dialogue အစီအစဉ်တွင် ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။

            ညနေပိုင်းတွင် ကွမ်ရှီးအမျိုးသားစာကြည့်တိုက်၌ ဆောင်ရွက်သည့် Opening Ceremony of Revival and Reconstruction of the Yongle encyclopedia အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကွမ်ရှီးစာကြည့်တိုက်နှင့် ပြတိုက်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀-၆-၂၀၂၃ ရက်နေ့တွင် လေ့လာရေးသွားရောက်ရန်အတွက် မြန်နှုန်းမြှင့်ရထားဖြင့် နန်နင်းမြို့မှ လျှိုကျိုးမြို့သို့ ထွက်ခွာခဲ့ ပြီးနောက် နံနက်ပိုင်းတွင် No.Wang ခရုခေါက်ဆွဲထုတ်လုပ်မှုစက်ရုံသို့ သွားရောက်လေ့လာခြင်း၊ လျှိုကျိုးစာပေပညာရှင်၏ Liuzhou Shrine သို့ သွားရောက်လေ့လာခြင်း၊ လျှိုကျိုးမြို့ရှိ စက်မှု လုပ်ငန်းပြတိုက်နှင့် Bauhinia Culture Creative Gallery exhibition hall တို့သို့ သွားရောက် လေ့လာခဲ့ပြီး ညနေပိုင်းတွင် လျှိုကျိုးမြို့တော်ဝန်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ညပိုင်းတွင် လျှိုကျိုးမြို့၏ ညရှုခင်းကို မြစ်အတွင်းမှ သင်္ဘောဖြင့် လေ့လာ ကြည့်ရှုခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၁-၆-၂၀၂၃ ရက်နေ့တွင် လျှိုကျိုးမှ နန်နင်းသို့ မြန်နှုန်းမြှင့်ရထားဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့် ကူမင်းလေဆိပ်သို့ ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံရှိ ရွှေတိဂုံစေတီတော်ပုံတူအား ပြင်ဆင်ရန် ကူမင်းမြို့သို့ ခေတ္တကြွရောက် လာသော သီတဂူဆရာတော်ဘုရားကြီးအား ကူမင်းလေဆိပ်ခန်းမဆောင်တွင် ကြိုဆိုဖူးမြှော်ခဲ့ပါ သည်။ ၎င်းနောက် ၂၂-၆-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ခရီးဆက်လက်ထွက်ခွာမည့် သီတဂူ ဆရာတော်ဘုရားကြီးကို ကူမင်းလေဆိပ်သို့ သွားရောက်ပို့ဆောင်ဖူးမြှော်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.