သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေခြင်းကို ကြည့်ရှုစစ်ဆေး (မူကြမ်း)နေပြည်တော်        ဇွန်လ ၂၇  ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်စိုးသန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ ညနေ(၀၄၃၀) နာရီအချိန်က သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “လောဘအမှောင်” ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          လေ့ကျင့်ဇာတ်တိုက်မှုအပြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာ့ဇာတ်သဘင်၏ ဇာတ်တော်ကြီး တင်ဆက်ကပြမှုတွင် အစဉ် အလာအရ အကထက် အဆိုခက်၊ အဆိုထက် အငိုခက်၊ အငိုထက် အပြောခက်ဟူ၍ ဆိုရိုးစကားရှိပါ ကြောင်း၊ စင်တင်အနုပညာဖြစ်သည့် ပြဇာတ်နှင့် ဇာတ်တော်ကြီးများ၏ အနှစ်သာရသည် အပြော ပညာရပ်ဖြစ်ပါကြောင်း၊ စာပေ၏ အနှစ်သာရသည် အတွေးဖြစ်ပါကြောင်း၊ ရုပ်ရှင်၏ အနှစ်သာရ သည် လှုပ်ရှားမှုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဇာတ်သဘင်၏ အပြောပညာရပ်ကို အလေးထား၍ လေ့ကျင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်စကား ပြောကြားပါသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် တင်ဆက်ကပြသူ အနုပညာရှင်ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးတို့က ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.