“လေ့လာမှတ်သားမြန်မာ့ရိုးရာစကားထာများ” ပြိုင်ပွဲအခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာ စကားထာများကို သိရှိလေ့လာ၊ မှတ်သား၊ လိုက်နာ၊ စိတ်ကူးထက်မြက်စေရန်နှင့် စစ်မှန်သော ယဉ်ကျေးမှု မြင့်မားသောသမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်၍  “လေ့လာမှတ်သား မြန်မာ့ရိုးရာစကားထာများ” ပြိုင်ပွဲအခမ်းအနားကို ၂၃-၆-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ နေ့လယ်(၁:၀၀) နာရီအထိ သရဖီဆောင်၊ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာန၊ သင်တန်းရေးရာဌာန၊ စာကြည့်တိုက်မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါ်မျိုး၊ စာကြည့်တိုက်မှူးက“မြန်မာ့ရိုးရာစကားထာများ” စာတမ်းနှင့်  ဒေါ်သီသီဟန်၊ နည်းပြ (မြန်မာစာ)က “စာပေကျမ်းဂန်လာစကားထာများ” စာတမ်းတို့ကို ဖတ်ကြားခဲ့ကြပါသည်။

          ထို့နောက် လေ့လာမှတ်သားမြန်မာ့ရိုးရာစကားထာများပြိုင်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ Level (I) တွင် စကားထာရိုးရိုးပြိုင်ပွဲ၊ Level (II)တွင်စကားလိမ်ပြိုင်ပွဲ၊ Level (III)တွင် စကားဝှက်ပြိုင်ပွဲတို့ကို အဖွဲ့(၇)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။           ၎င်းပြိုင်ပွဲ၌ ပထမဆုရအဖွဲ့(၅)ကို ပါမောက္ခချုပ် ဒေါက်တာကေသီထွေးကလည်းကောင်း၊ ဒုတိယဆုရအဖွဲ့(၁)ကို ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးဇော်ဇော်ထွန်းကလည်းကောင်း၊ တတိယဆုရအဖွဲ့(၂)ကို ပါမောက္ခ/ဌာနမှူး (စာပေ) ဒေါ်ကေသီကလည်းကောင်း၊ နှစ်သိမ့်ဆု (၄)ဆုရ အဖွဲ့များကို ဦးမျိုးဦး၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဒေါ်ပြုံးမြမြကြည်၊ ပါမောက္ခ/ဌာနမှူး(ဂီတ)၊ ဦးမြင့်လွင်၊ ပါမောက္ခ/ဌာနမှူး(ပန်းပု)၊ ဦးအောင်ပန်း၊ ပါမောက္ခ/ဌာနမှူး(ပန်းချီ)တို့ကလည်းကောင်း၊ စာတမ်းရှင် (၂)ဦးအား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ် (၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.