DAILY NEWS LITERACY PROJECT ဖွင့်ပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ သင်တန်းရေးရာဌာနနှင့် စာကြည့်တိုက်မှ ဝန်ထမ်းများ၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၊ စာပေပညာဌာနတို့မှ နည်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်ရန်နှင့်  ဝေါဟာရကြွယ်ဝစေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်၊ နေ့စဉ်ထုတ် သတင်းစာများကိုဖတ်ရှုခြင်းဖြင့် ယနေ့မြန်မာနိုင်ငံ၏ မျက်မှောက်ရေးရာ သတင်းအချက်အလက် များ စဉ်ဆက်မပြတ်သိရှိစေရန်၊ အဆိုပါတိုးတက်မှုဖြစ်စဉ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆို နိုင်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ရာတွင် ထိရောက်မှုရှိ စေရန်ရည်ရွယ်၍ ဆောင်ရွက်သည့် DAILY NEWS LITERACY PROJECT ၏ Week – Long Project ဖွင့်ပွဲအခမ်းအနားကို ၇-၈-၂၀၂၃ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ စာကြည့်တိုက်၏ စာဖတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးဇော်ဇော်ထွန်းက DAILY NEWS LITERACY PROJECT ၏ Week – Long Project နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးအနက်  ၂ ဦး က The Global New Light of Myanmar သတင်းစာတွင်ပါရှိသည့် ခေါင်းစဉ်များထဲမှ Oppounities must be created women gender equality နှင့် Water Issue ခေါင်းစဉ်တို့ကို ဖတ်ကြားခြင်း၊ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။           အဆိုပါ လုပ်ငန်းကို ၇-၈-၂၀၂၃ ရက်နေ့မှ ၂၅-၉-၂၀၂၃ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့၊ နေ့လယ် ၁၄:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ သရဖီဆောင်၊ စာကြည့်တိုက်၏ စာဖတ်ခန်းမတွင် အပတ်စဉ် ၂ ဦးစီ ဖတ်ကြားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.