၁။ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)တွင် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။
(ခ ) ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
(ဂ ) ပြည်ထောင်စုမြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်။
(ဃ) ပြစ်မှုကင်းရှင်းရမည်။
၂။ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)တွင် ဖွင့်လှစ်သင်ကြားမည့် ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ(၁)နှစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။
(က) သင်တန်းအမည် – ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း
( ခ ) သင်တန်းကာလ – (၁)နှစ်
( ဂ ) ပေးအပ်မည့်ဒီပလိုမာ – ဘွဲ့ကြို ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ
Undergraduate Diploma in Archaeology
(ဃ) သင်တန်းတည်နေရာ – ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။
၃။ လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၁၀.၈.၂၀၂၃)ရက်နေ့မှစ၍ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၁၇.၁၀.၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားကြရမည်။
၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ဖုန်း-၀၉ ၄၃၀၀၆၇၈၆၊ ၀၉ ၂၅၄၂၃၆၆၃၉၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊နေပြည်တော်ဖုန်း-၀၆၇-၃၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း-ဝ၁-၅၉၀၂၅၂၊ မန္တလေးဌာနခွဲ ဖုန်း- ဝ၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း-ဝ၁-၅၁၂၁၃၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။