အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ နှစ်(၃၀)ပြည့်ပုလဲရတုအထိမ်းအမှတ်အကြိုမော်ကွန်းတိုက်၊Art Gallery ဖွင့်ပွဲနှင့်သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) က ကြီးမှူးကျင်းပသည့် နှစ်(၃၀)ပြည့်ပုလဲရတု အထိမ်းအမှတ် အကြို မော်ကွန်းတိုက်၊ Art Gallery ဖွင့်ပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားများကို ၃၁-၈-၂၀၂၃ ရက်နေ့၊ နံနက်(၉)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဖွင့်ပွဲအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊တက္ကသိုလ်ကောလိပ်များမှ ဆရာကြီး၊ဆရာမကြီးများ၊ စာတမ်းသဘာပတိ အဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ နှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာစွယ်တော်ဆောင်ပထမထပ်တွင်ပုလဲရတုအထိမ်းအမှတ်အကြိုမော်ကွန်းတိုက်  နှင့် Art Gallery ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေး တို့  ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို အမွေးနံ့သာများဖြင့်ပက်ဖျန်း ကြပါသည်။ ထို့နောက် ဖိတ်ကြားထားသော  ဧည့်သည်တော်များက  Art Galleryအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ဆက်လက်ပြီး ပုလဲရတုအကြို သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို သရဖီဆောင်၊ အနုပညာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ပုလဲရတုမှသည်အနာဂတ်ဆီသို့  ဂုဏ်ပြု တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပါသည်။ထို့ နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာမိန့်ခွန်းပြောကြားရာမှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ဟာ ခေတ်ရေစီးကြောင်းရဲ့ ပညာရေးကဏ္ဍထဲမှာ အရေးပါအရာ‌‌ရောက်တဲ့ နေရာ တစ်ခုကနေ တသွင်သွင် စီးဆင်းနေကြောင်း၊ နိုင်ငံနဲ့ လူမျိုးရဲ့ အသက်သွေးကြော သဖွယ်ဖြစ်ရာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ဆိုတဲ့ ယဉ်ကျေးမှုနှင့် အနုသုခုမပညာရပ်တွေကို သယ်ဆောင်စီးဆင်းရတာဖြစ်လို့တာဝန်ကြီးလှတယ်လို့လည်းမြင်မိကြောင်း၊ သုတေသနစာတမ်း တွေဖတ်ကြားရာမှာ သက်ဆိုင်ရာပညာရပ်နယ်ပယ်အလိုက် သင်ကြားရေးနဲ့ လက်တွေ့နယ်ပယ် ကို အကျိုးပြုနိုင်မယ့် အထောက်အကူပြု သုတေသန ရလဒ်ကောင်းတွေ ဖော်ထုတ်ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက်ရော၊ နိုင်ငံတကာအဆင့်အတန်းမီရေးကိုပါ ထည့်သွင်းစဉ်းစားကြိုးပမ်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ အတွေးသစ်၊ အသိသစ်၊ အမြင်သစ်၊ စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ အကျိုးရလဒ်ကောင်းအသစ်တွေပေးနိုင်တဲ့သုတေသနစာတမ်းများပေါ်ထွက်လာမည်ဟု ယုံကြည် ပါကြောင်း၊  ဒီသုတေသနစာတမ်းတွေ၊ သုတေသနကျမ်းတွေကို တဖြည်းဖြည်းအရည်အသွေး မြှင့်တင်ပေးနိုင်တာနဲ့အမျှ တက္ကသိုလ်ရဲ့အရည်အသွေးကလည်း မလွဲမသွေမြင့်မားလာမှာ ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ရဲ့နှစ်(၃၀) ခရီးအောင်မြင်မှုတွေကို အမြဲအသိအမှတ်ပြု သတိတရရှိနေကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီနိုင်တဲ့ အတိုင်းအတာအတွင်းကနေ အားပေး ကူညီရင်း ယဉ်ကျေးမှုနဲ့ အနုပညာရေးရာတွေမှာ အမြဲအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း များပြောကြားသွားခဲ့ပါသည်။

ထို့နောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်နုမြဇံကအဖွင့် အမှာ စကားပြောကြားကာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးကပုလဲရတု အကြို သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်ပြီး သုတေသနစာတမ်းဖတ်ပွဲ အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ရာ ပထမနေ့စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်(၇)ဦီးကစာတမ်း(၇)စောင်နှင့် ဒုတိယနေ့စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်(၇)ဦးက စာတမ်း(၇)စောင် ၊စုစုပေါင်းစာတမ်း(၁၄)စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသူများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။