သင်တန်းအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခ(ရုပ်ရှင်နှင့်ပြဇာတ်) ဒေါ်မင်းမင်းစိုးသည် ၁၄-၈-၂၀၂၃ ရက်နေ့မှ ၁၉-၈-၂၀၂၃ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “အာဆီယံ-ကိုရီးယားကွန်ရက် (ပြင်ပအကဲဖြတ် နွေရာသီသင်တန်းကျောင်း) (EASS) အစီအစဉ်” “KONNECT ASEAN “External Assessment Summer School 2023” သို့ တက်ရောက်ခဲ့သည့် သင်တန်းအတွေ့အကြုံကိုလည်းကောင်း၊ ကထိက(ရုပ်ရှင်နှင့်ပြဇာတ်) ဒေါ်ပပမျိုးသည် ၁၄-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “သုတေသနနင့် ဆန်းသစ်တီထွင်မှုစီမံကိန်း အမျိုးအစားများ ခွဲခြမ်းစိတ်ဖြာသတ်မှတ်ရေး ဆိုင်ရာသင်တန်း” “Training on Regional Project Identification ”သို့ တက်ရောက်ခဲ့သည့် သင်တန်းအတွေ့အကြုံကိုလည်းကောင်း ရှင်းလင်းတင်ပြခြင်းကို ၆-၁၀-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော် ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ၊ ဆရာမ (၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.