DAILY NEWS LITERACY PROJECT ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ သင်တန်းရေးရာဌာနနှင့် စာကြည့်တိုက်မှ ဝန်ထမ်းများ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ စာပေ ပညာဌာနတို့မှ နည်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်ရန်နှင့်  ဝေါဟာရကြွယ်ဝစေရန်၊ အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုနိုင်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ရာတွင် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်သည့် DAILY NEWS LITERACY PROJECT ၏ Week – Long Project ကို ၇-၈-၂၀၂၃ ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့၊ နေ့လယ် ၁၄:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ တက္ကသိုလ်၏ သရဖီဆောင်၊ စာကြည့်တိုက်၏ စာဖတ်ခန်းမတွင် အပတ်စဉ် ၂ ဦးစီ ဖတ်ကြားဆောင် ရွက်လျက်ရှိရာ ၉-၁၀-၂၀၂၃ ရက်နေ့တွင် သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးအနက်  ပန်းချီပညာဌာနနှင့် ပန်းပုပညာဌာနမှ ဆရာမ (၂)ဦးက   ၆-၈-၂၀၂၃ နေ့ထုတ် The Global New Light of Myanmar သတင်းစာမှ “Myanmar’s Coconut shell creations command significant markets shares across Asia, EU, and Dubai” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများက မေးခွန်းများမေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.