သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)ဒုတိယဝန်ကြီး ဒေါ်နုမြဇံမန္တလေးဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်   ၁၈-၁၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနုပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း      ရန်ပုံငွေဖြင့် ဆောင်ရွက်သော အနုပညာအထက်တန်းကျောင်း(မန္တလေး) ကျောင်းဝင်းအတွင်းရှိ “ပန်တျာသင်ကြားဆောင်” ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဗန်းမော် ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်ဖွင့်လှစ်နိုင်ရေးအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများ နှင့် ပြသမည့်အခန်းတို့အား အသေးစိတ်တိုင်းတာတွက်ချက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ 

ဆက်လက်၍ ၁၉-၁၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦစီးဌာန (မန္တလေးဌာနခွဲ)မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် များအပေါ် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော်နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်းများ ပြုပြင်ခြင်းလုပ်ငန်း၊ မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင် တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် နေမှုတို့အား စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။  

နေ့လယ်ပိုင်းတွင်အမျိုးသားကဇာတ်ရုံ(မန္တလေး)၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ အရာထမ်း၊ အမှုထမ်းများ၊ အနုပညာဦးစီးဌာန (မန္တလေးဌာနခွဲ)မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ မူဝါဒများ၊ ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာများ၊ ဦးစီးဌာနနှင့် တက္ကသိုလ်အလိုက် လုပ်ငန်းတာဝန်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ ခရီးစဉ်များ တွင် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုများ၊ ဘဏ္ဍာငွေသုံးစွဲ၍ဆောင်ရွက်

လျက်ရှိကြသည့် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ စသည်တို့အပေါ် စည်းကမ်းတကျ၊ နည်းစနစ်မှန်ကန်စွာဖြင့် ဘဏ္ဍာငွေမကုန်ကျသင့်သည်ကို မကုန်ရလေအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး) ဌာနခွဲတာဝန်ခံတို့မှ ပြန်လည်တင်ပြ ကြပြီး ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ တောင်သမန်ဦးပိန်တံတားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့်  ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် တောင်သမန် ဦးပိန်တံတားရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ပြုပြင်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းတံတားဦးစီးဌာန(ဆောက်လုပ်ရေး) နှင့် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)စသည့် ဌာန(၅)ခုမှ အပိုင်း(၅)ပိုင်း ခွဲ၍ တာဝန်ယူဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

မှတ်ချက်။      Movies များကို MRTV မန္တလေးဌာနခွဲမှ တပ်ကုန်း MRTV ရုံးချုပ်သို့ ပေးပို့ထားပြီး ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.