(၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်   ဟောပြောပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပခြင်း

        (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲကို ၁၈-၁၂-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊  ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာနိုင်နိုင်ဦး၊ တွဲဖက်ပါမောက္ခ (စာပေ)က “ဘိုးဘွားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ပြန်လည်ရယူခဲ့သည့် မြန်မာ့လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ဌာနမှူးများ၊ ဒုတိယဌာနမှူး၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြပါသည်။

ထို့အပြင် ၁၉-၁၂-၂၀၂၃(အင်္ဂါနေ့)၊ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်၊  AA-202 ခန်းမတွင်  ကဗျာပြိုင်ပွဲ ကို “မြတ်နိုးသင့်ပေ၊လွတ်လပ်ရေးအမွေေ”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် နှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးတို့ကလည်းကောင်း၊ နေ့လယ်(၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်အမွေချစ်တတ်စေ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး တို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ ပြိုင်ပွဲဝင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု(၂)ဆုတို့ကိုရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.