အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မဟာဝိဇ္ဇာ (ယဉ်ကျေးမှုအမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပရန်ကုန် – ဇန်နဝါရီ ၁၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရောက်ရှိလာရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ တွင်ကျင်းပသည့် မဟာဝိဇ္ဇာ (ယဉ်ကျေးမှုအမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်း များ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်း၍ ဘွဲ့လွန်ပြတိုက်ဒီပလိုမာသင်တန်းကို ၂၀၀၂-၂၀၀၃  ပညာသင်နှစ်မှ စတင်ကာ အမျိုးသားပြတိုက် (ရန်ကုန်) တွင် ဖွင့်လှစ်ခဲ့ပြီး  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ဘွဲ့လွန်ပြတိုက် ဒီပလိုမာ ဘွဲ့ကို (၃၃၁) ဦးအား  အပ်နှင်းနိုင်ခဲ့ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်း၍ ဘွဲ့လွန်အသုံးချ ရှေးဟောင်း သုတေသန ဒီပလိုမာသင်တန်းကို ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) တွင်  ၂၀၀၅-၂၀၀၆ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ  ၃၃၇ ဦးကို ဒီပလိုမာဘွဲ့အပ်နှင်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတွင် ၂၀၂၃၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ  သင်တန်းကာလ ()နှစ် ဖြင့် ဝိဇ္ဇာဘွဲ့အပ်နှင်းမည့်သင်တန်းအားစတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ဘာသာရပ်အလိုက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို မဟာဝိဇ္ဇာဘွဲ့ ဆက်လက် တက်ရောက်နိုင်ရေး ဆောင်ရွက်စေလိုပါကြောင်း၊ မဟာဝိဇ္ဇာတန်းများတွင် သင်ကြားမည့် သင်ရိုး ပြဋ္ဌာန်းစာအုပ်များ ရရှိရေး၊ ခိုင်မာသည့် သင်ရိုးများရေးဆွဲ၍ သင်ကြားမည့် ဆရာ၊ ဆရာမများ ရွေးချယ်သင်ကြားစေရေးကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကြိုးစား ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

          ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် မဟာဝိဇ္ဇာ (ယဉ်ကျေးမှုအမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ ရှေးဟောင်းသုတေနသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်၊ အမျိုးသားပြတိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးသင်း ၊  ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)၊ ကျောင်းအုပ်ကြီး ဒေါက်တာမင်းဆွေ၊ ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာဌာန၊ ပါမောက္ခ ဒေါက်တာပြည့်ဖြိုးကျော် နှင့်   တာဝန်ရှိသူများက အသီးသီးဆွေးနွေး တင်ပြကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

          အစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ရှေးဟောင်းသုတေနသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနကို သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။