နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၏ “တေးဂီတဖျော်ဖြေပွဲ”တွင် ပူးပေါင်းဖျော်ဖြေ တင်ဆက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) တွင် သင်တန်းတက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဖျော်ဖြေသည့် “တေးဂီတဖျော်ဖြေပွဲ” ကို ၂-၃-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ့အသံ တေးဂီတအဖွဲ့နှင့်အတူတေးသံရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြဝတီရုပ်မြင်သံကြားမှ အနုပညာရှင်များ ပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာဌာနမှ ပါမောက္ခ၊ဌာနမှူး(သဘင်) ဦးခိုင်ထွန်း ခေါင်းဆောင်သည် အုပ်ချုပ်၊ ကြီးကြပ်သူ ဆရာ၊ဆရာမ (၅)ဦး၊ ကပြဖျော်ဖြေသူ ဆရာ၊ဆရာမ (၉)ဦးနှင့် ကျောင်းသား၊ကျောင်းသူ (၁၅)ဦး၊ စုစုပေါင်း (၂၉)ဦးတို့သည် “ပွဲဦးကဟန် ရွှေပန်းပန်” ယိမ်းအက ၊ “လှပဝေဆာ အကပဒေသာ” ယိမ်းအက၊ “အရုပ်နှင့်လူ ကကြိုးတူ” စင်တော်ပြိုင်အက၊ “အင်းဝခေတ်” ယိမ်းအက၊ “သစ္စာတူပြိုင် ချစ်မဏ္ဍိုင်” နှစ်ပါးသွား ယိမ်းအက၊ “ကကြိုးစုံစွာ ပတ်မဆစ်တစ်ရာ” ယိမ်းအက၊ “ဇော်ပြိုင်” ရုပ်သေးယိမ်း အက၊ “သွေးချင်းတို့ရဲ့မြေ” တိုင်းရင်းသားယိမ်းအက စသည့် အစီအစဉ်(၈)ခုဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.