အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ၂၂-၃-၂၀၂၄ ရက်နေ့တွင် ကျရောက် သော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာတမ်းဖတ်ပွဲကို ၆-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီ၌ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ အောက်ဖော်ပြပါ ပါမောက္ခများ၊ ဌာနမှူးများက ဘာသာရပ်ဆိုင်ရာစာတမ်း(၉)စောင်ကို အသီးသီးဖတ်ကြားတင်ပြကြပြီး စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များနှင့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြပါသည် –
စဉ် | အမည်၊ ရာထူး၊ ဌာန | ဖတ်ကြားသည့် အကြောင်းအရာ |
(က) | ဦးမျိုးဦး ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ စီမံရေးရာဌာန | စီမံရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှု စာတမ်း |
(ခ) | ဒေါ်စန္ဒာဝင်း ဌာနမှူး(သင်တန်းရေးရာ)၊သင်တန်းရာဌာန | သင်တန်းရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုစာတမ်း |
(ဂ) | ဒေါ်ပြုံးမြြမကြည် ပါမောက္ခ၊ ဌာနမှူး၊ ဂီတပညာဌာန | ဂီတပညာဌာန၏ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှုစာတမ်း |
(ဃ) | ဦးခိုင်ထွန်း ပါမောက္ခ၊ ဌာနမှူး၊ သဘင်ပညာဌာန | သဘင်ပညာဌာန၏ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှုစာတမ်း |
(င) | ဒေါ်ခင်ထက်ဝေ ကထိက၊ဒုတိယဌာနမှူး၊ ပန်းချီပညာဌာန | ပန်းချီပညာဌာန၏ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှုစာတမ်း |
(စ) | ဦးမြင့်လွင် ပါမောက္ခ၊ ဌာနမှူး၊ ပန်းပုပညာဌာန | ပန်းပုပညာဌာန၏ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှုစာတမ်း |
(ဆ) | ဒေါ်အေးအေးဟန် ကထိက၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန | ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၏ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့မှု စာတမ်း |
(ဇ) | ဒေါ်မျိုး တွွဲဖက်ပါမောက္ခ၊ ဌာနမှူး၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန | ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန စာတမ်း |
(ဈ) | ဒေါ်ကေသီ ပါမောက္ခ၊ ဌာနမှူး၊ စာပေပညာဌာန | စာပေပညာဌာန၏ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့မှု စာတမ်း |
အဆိုပါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာတမ်းဖတ်ပွဲသို့ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများ တက်ရောက်ခဲ့ကြပါသည်။