သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မန္တလေးဒေသသို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ၁၇-၃-၂၀၂၄ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မန္တလေးဌာနခွဲ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေး နန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်(၁)ဖြစ်သော မန္တလေးနန်းမြို့ရိုးတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် ဖော်ထုတ်ရရှိနိုင်သည့် အဆောက်အအုံများကို ပြန်လည်ဖော်ထုတ်ရန် ဆောင်ရွက်ထားသည့် ဗီနိုင်းများနှင့်လမ်းညွှန်မှာကြားချက်(၁၁)ဖြစ်သောမြနန်းစံကျော်ရွှေနန်းတော်၏ မြေနန်းပြာသာဒ် ဆောင်တွင် ပြသထားသည့် သုံးဖက်မြင်  Panel Board  များကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သော မြနန်းစံကျော်ရွှေနန်းတော်တွင် သူရဲကြီးအောင်လံ ခင်းကျင်း ပြသဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။