၃၁ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးသို့တက်ရောက် ရန်ကုန် မတ်လ ၂၃

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့၌ ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့  တက်ရောက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရှိကြောင်း သတင်းရရှိပါသည်။

          ဒုတိယဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ကြပြီး ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့  တက်ရောက်ရန် သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကြိုတင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။

                                                                         

Be the first to comment

Leave a Reply

Your email address will not be published.