မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့အား မြန်မာ့ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား တရုတ် ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး မြန်မာ-တရုတ်ခရီးသွား မြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းကျင်မှုဆိုင်ရာခရီးစဉ် (FAM Trip)ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ၁၀-၅-၂၀၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာပါသည်။

          ကိုယ်စားလှယ်အဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများက ကြိုဆိုကြသည်။ ကြိုဆိုပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ အုပ်ချုပ်သူ ဆရာ (၂)ဦး၊ ကျောင်းသား(၁၀)ဦးနှင့် ကျောင်းသူ (၁)ဦး၊ စုစုပေါင်း (၁၃)ဦး ပါဝင်သော ယဉ်ကျေးမှုအဖွဲ့က ဦးရွှေရိုး‌ဒေါ်မိုးအက နှင့် သူငယ်တော်အကတို့ကို အိုးစည်၊ ဒိုးပတ်ဝိုင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ ကြိုဆိုကြကြောင်း သတင်းရရှိသည်။