၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့ပူးပေါင်း၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့၌ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာ (၁)နှစ် ( ၆ )လ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသည်။
(က) သင်တန်းအမည် – ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ
(ခ) သင်တန်းကာလ – (၁)နှစ် (၆)လ
(ဂ) ပညာအရည်အချင်း – တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
(ဃ) သင်တန်းအချိန် – နံနက်(၁၀:၀၀) နာရီမှ ညနေ(၄:၃၀) နာရီ
(င) စတင်ဖွင့်လှစ်မည့်ရက် – ၃–၆–၂၀၂၄
(စ) ပေးအပ်မည့်ဘွဲ့ – ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ
(Post Graduate Diploma in Library Management)
(ဆ) သင်တန်းတည်နေရာ – အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမှတ်(၆ဝ၄/၆ဝ၈) ကုန်သည်လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ရာဇသင်္ဂဟ အဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
၂။ လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအမှူး၏ ခွင့်ပြုချက်၊ ပညာအရည်အချင်းထောက်ခံချက်၊ ဓာတ်ပုံ(၅)ပုံတို့ဖြင့် လျှောက်ထားကြရမည်။ ဝင်ခွင့် လျှောက်လွှာပုံစံများကို ၁၄-၅-၂၀၂၄ ရက်နေ့မှစ၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)တို့သို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm ၊ Facebook page – National Library–Yangon နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Website www. nlmnpt.gov.mm ၊ Facebook page – National Library of Myanmar-NayPyiTaw တို့မှ download ပြုလုပ်၍ဖြစ်စေ ရယူလျှောက်ထား နိုင်ပါသည်။ လျှောက်လွှာများကို ၂၄-၅-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်/နေပြည်တော်)တို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ(အင်္ဂလိပ်စာနှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတ)ကို ၂၈-၅-၂၀၂၄ ရက် (အင်္ဂါနေ့)တွင် ဖြေဆိုရ မည်ဖြစ်သည်။
၃။ အသေးစိတ်သိရှိလိုပါက အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖုန်း-ဝ၁-၈၃၇၉၂၉၄၊ အမျိုးသား စာကြည့်တိုက်(နေပြည်တော်) ဖုန်း-၀၆၇-၃၄၁၈၄၂၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန