ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၃၅)၊ နေပြည်တော် အငယ်တန်းစာရေး ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၃ ) ရက်

၁။           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင် လစ်လပ်လျက် ရှိသော (လစာနှုန်း၊ ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး ရာထူး(၂)နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် –

              စဉ်       ခန့်ထားမည့်ရာထူး             ပညာအရည်အချင်း                 ခန့်ထားမည့်အရေအတွက်

                  (က)     အငယ်တန်းစာရေး              တက္ကသိုလ်ဝင်တန်း                         (၂)နေရာ

                                                                        အောင်မြင်ပြီးသူ

၂။            လျှောက်ထားသူသည်-

              (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

              ( ခ )    လျှောက်လွှာပိတ်သည့်နေ့ ၂၈-၆-၂၀၂၄ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍  အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ (ဝန်ထမ်း ဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်ရ။)

              ( ဂ )    ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ Dismissal/ Removal ပြစ်ဒဏ် ချမှတ်ခံရသူများ လျှောက်ထားခွင့်မပြုပါ။

              (ဃ)    ပါတီနိုင်ငံရေး ကင်းရှင်းသူဖြစ်ရမည်။

              ( င )   ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်သူ ဦးစားပေး ခန့်ထားမည်။                          

၃။      လျှောက်လွှာတွင် ဓာတ်ပုံကာလာ (၃)ပုံ ( ၁” x ၁.၂၅” ) ပူးတွဲလျက် အောက်ဖော်ပြပါ အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-

              (က)    အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊

              ( ခ )    မွေးသက္ကရာဇ်နှင့် အသက်၊

              ( ဂ )    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

              (ဃ)    ပညာအရည်အချင်း၊

              ( င )    မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊

              ( စ )    အိမ်ထောင် ရှိ/မရှိ၊

              (ဆ)    လက်ရှိနေထိုင်သည့်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊

              ( ဇ )    အမြဲတမ်းနေရပ်လိပ်စာ(အပြည့်အစုံ)။

၄။           လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

              (က)    ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းအထောက်အထား

                        (ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ)၊

              ( ခ )    လိပ်စာဖော်ပြပါဒေသတွင် အမှန်တကယ် နေထိုင်လျက်ရှိပါကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပါတီနိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တစ်ပတ်အတွင်း ထောက်ခံစာမူရင်း၊

              ( ဂ )    ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်း၏ တစ်ပတ်အတွင်း ထောက်ခံချက်မူရင်း၊

              (ဃ)    အလုပ်သမားမှတ်ပုံတင်မိတ္တူ (ပြင်ပပုဂ္ဂိုလ်များအတွက်သာ)၊

              ( င )    နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။

၅။               လျှောက်လွှာများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၈-၆-၂၀၂၄ ရက်နေ့အထိ နောက်ဆုံးထားပေးပို့လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ စာရွက်စာတမ်းအထောက်အထားမပြည့်စုံသော လျှောက်လွှာများကို လက်ခံထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၆။         ဖြေဆိုခွင့်ရရှိသူများစာရင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.moculture.gov.mm တွင် ကြေညာပေးထားမည်ဖြစ်ပြီး ဖြေဆိုခွင့် ခုံအမှတ်ကတ်ပြားများကို ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေ့ရက်မတိုင်မီ (၀၉ ၃၀)နာရီမှစ၍ ရုံးချိန်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ရုံးအမှတ်(၃၅) (နေပြည်တော်)တွင် ကာယကံရှင်ကိုယ်တိုင်  နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ဖြင့် လာရောက် ဆက်သွယ်ထုတ်ယူရန်ဖြစ်ပါသည်။

၇။           ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတို့ကိုအောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည် –

(က)    ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၄-၇-၂၀၂၄ ရက်၊ ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီ အချိန်အထိ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) ဘာသာရပ်များ ဖြေဆိုခြင်း၊

( ခ )   လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ကို    ၅-၇-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စစ်ဆေးခြင်း။

၈။           ရေးဖြေ/လူတွေ့စစ်ဆေးခြင်းများပြုလုပ်ပြီးပါက ရွေးချယ်ခံရသူများအား ဌာနမှ တိုက်ရိုက် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါကြောင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.moculture.gov.mm တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။ ၉။      အသေးစိတ်သိရှိလိုပါက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ ရုံးအမှတ်(၃၅)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပြီး ဖုန်း (၀၆၇-၄၀၈၂၈၃၊ ၀၆၇-၄၀၈၀၃၁ )သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။