မြန်မာအကအခြေခံကဗျာလွတ်(ပထမဆင့်)သင်တန်း ဖွင့်လှစ် သင်ကြားခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည် မြန်မာ့ရိုးရာအခြေခံအက ပညာရပ်များ ထိန်းသိမ်းမျှဝေခြင်း အမျိုးသားရေးတာဝန်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ‌ကျောင်းများတွင် သင်ကြားပို့ချလျက်ရှိသော အခြေခံကဗျာလွတ်အက သင်ကြားမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် အခြေခံပညာအဆင့် ပြိုင်ပွဲဝင် ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခြေအနေကို အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာအကအခြေခံကဗျာလွတ် (ပထမဆင့်)သင်တန်းကို အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာဌာနမှ ဆရာမများ၊ မဟာဝိဇ္ဇာ(ပထမနှစ်) နှင့် စတုတ္ထနှစ် ကျောင်းသူများ၊ စုစုပေါင်း ၂၀ ဦးက အခြေခံပညာဦးစီးဌာနမှ ဆရာမ ၂၀၀ ဦးတို့အား  ၁၁-၇-၂၀၂၄ ရက်နေ့မှ ၁၆-၇-၂၀၂၄ ရက်နေ့အထိ ကမာရွတ် TTC နှင့် အ.ထ.က(၄)အလုံ တို့တွင် နေ့စဉ် နံနက် နံနက် ၀၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

          အဆိုပါသင်တန်းသို့ အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူး(သဘင်)တို့သည် ၁၁-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀း၀၀နာရီတွင် ကမာရွတ် TTC သို့သွားရောက်၍လည်းကောင်း၊ ၁၁း၀၀ နာရီတွင် အ.ထ.က(၄)အလုံသို့ သွားရောက်၍လည်းကောင်း သင်တန်း စတင်ဖွင့်လှစ်သင်ကြား နေမှုများကို စစ်ဆေးကြည့်ရှုကာ သင်တန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။