သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သည်။ အခမ်းအနား သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်ဦးလွင်၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယ ပါမော က္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပြင်ပပညာရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြ သည်။
ပထမဦးစွာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံကအဖွင့်အမှာစကား ပြောကြားရာမှာ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) (ယခင် ယဉ်ကျေးမှုတက္ကသိုလ်)၌ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် စသည့် အနုပညာ ဘာသာရပ်များနှင့် စာပေပညာ ရပ်များကို ပေါင်းစပ်သင်ကြားလျက်ရှိရာမှ နှစ် ၃၀ အကြာ ယခုအခါတွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန(Department of Cultural Heritage Management) ကို အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၂၃) ဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ (၁/၂၀၂၃) အစည်းအဝေး၌ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စတင်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာများအား တင်ပြခဲ့ရာ တက္ကသိုလ်ကောင်စီဝင်များက သဘောတူခဲ့ ကြပါကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ (၁/၂၀၂၃) ပညာရေးအဖွဲ့ အစည်းအဝေးတွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၏ ပထမနှစ်၌ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ (Scope and Lesson) များကို တင်ပြအတည်ပြုချက်ရယူခဲ့ရာ ပညာရေးအဖွဲ့ဝင်များက သဘောတူအတည်ပြုခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်ကို ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါကြောင်း၊ ၁၄-၅-၂၀၂၄ ရက်နေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနမှ ဆရာမများ နှင့် တွေ့ဆုံခဲ့ပြီး ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်အတွက် သင်ရိုးညွှန်းတမ်း များကို ဆွေးနွေးခဲ့ ကြပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ဒုတိယနှစ်တွင် သင်ကြားမည့် ပြတိုက်ဘာသာရပ်များကို စိစစ်၍ (Scope and Lesson)များကို ပြန်လည် ပြင်ဆင် ဖြည့်စွက်ပြီး ၂၉-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) (၁/၂၀၂၄)ပညာရေးအဖွဲ့ အစည်းအဝေးတွင် တက်ရောက်လာကြသော ပညာရေးအဖွဲ့ဝင်များက အတည်ပြုပေးခဲ့ကြပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနသို့ လာရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချနိုင်ရေးအတွက် စနစ်ကျ၍ ခိုင်မာအားကောင်းသည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ခန်းစာများကို ပြန်လည်စိစစ် ညှိနှိုင်းရေးဆွဲရေးအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ပြင်ပပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များမှလည်း မိမိတို့ ဘဝသက်တမ်းတစ်လျှောက် လေ့လာဆည်းပူးခဲ့ကြသည့် ပညာရပ်များနှင့် အတွေ့အကြုံများ၊ သင်ရိုးအဖြစ် ပြဋ္ဌာန်းသင့်သည့် သင်ကြားသင့်သည့် ပညာရပ်များကို မခြွင်းမချန်ဘဲ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသွားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်ပြီးနောက် သင်ကြား ရေးပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ယင်း နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၏ သင်ကြားရေးပိုင်းတွင် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ပံ့ပိုးမှုအပိုင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်မျိုးက ရေးဆွဲပြီးစီးသည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံက နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို နေ့လယ်ပိုင်းတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။