အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ သည့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းနှင့် နည်းပြ(သဘင်) ဦးညီညီဇော်တို့မှ ၎င်းတို့၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများရှင်းလင်းပွဲကို ၁၉-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
အတွေ့အကြုံများရှင်းလင်းပွဲတွင် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၈-၈-၂၀၂၄ ရက်နေ့မှ ၂၁-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော “အာဆီယံနိုင်ငံများအတွက် ပြည်ပရောက် တရုတ်ခေါင်းဆောင်များယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ” Overseas Chinese Leaders Culture Exchange for ASEAN Countries သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား PowerPoint ဖြင့် ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်၍ နည်းပြ(သဘင်) ဦးညီညီဇော်က အိန္ဒိယနိုင်ငံတွင် ၂၁-၆-၂၀၂၄ ရက်နေ့မှ ၂၉-၆-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ ဖျော်ဖြေရေး အလုပ်ရုံဆွေးနွေးပွဲ “International Performing arts workshop and Ramayana theme” သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို PowerPoint ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။